၂ ရာ 8:1-5 Common Language Bible (BCL)

1. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ် သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​နှိမ်​နင်း ကာ သူ​တို့​၏​စိုး​မိုး​မှု​ကို​နိ​ဂုံး​ချုပ်​စေ တော်​မူ​၏။

2. ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။

3. ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-

4. မြင်း​တပ်​သား​တစ်​ထောင်​ခုနစ်​ရာ​နှင့်​ခြေ​လျင် တပ်​သား​နှစ်​သောင်း​ကို​ဖမ်း​ဆီး​ရ​မိ​တော် မူ​၏။ မင်း​ကြီး​သည်​ရ​ထား​အ​စီး​တစ်​ရာ အ​တွက်​မြင်း​တစ်​ရာ​ကို​သိမ်း​၍ ကျန်​သော မြင်း​ရှိ​သ​မျှ​တို့​၏​ခြေ​ကြော​ကို​ဖြတ် လေ​၏။-

5. ဒ​မာ​သက်​မြို့​မှ​ရှုရိ​ပြည်​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ကို​စစ်​ကူ​ရန်​လာ​ရောက်​ကြ သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​ကို​တိုက် ခိုက်​၍​လူ​နှစ်​သောင်း​နှစ်​ထောင်​ကို​သုတ် သင်​ပစ်​လေ​၏။-

11-12. ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။

၂ ရာ 8