1. ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
2. ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
3. ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
11-12. ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။