4. သို့ရာတွင်ထိုညဥ့်၌ထာဝရဘုရားသည် နာသန်အား၊-
5. ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူ့ အား`သင်သည်ငါကျိန်းဝပ်ရန်ဗိမာန်တော်ကို တည်ဆောက်ရမည်မဟုတ်။-
6. ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
7. ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
8. သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
9. သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
12. သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
13. သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
14. ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-