၂ ရာ 6:6-12 Common Language Bible (BCL)

6. သူ​တို့​သည်​နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ နွား​တို့​သည်​ခြေ​ချော်​သ​ဖြင့်​သြဇ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လှမ်း​၍​ကိုင် ထား​လိုက်​ရာ၊-

7. ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။-

8. ထို့​ကြောင့်​ထို​အ​ရပ်​ကို​ပေ​ရ​ဇာ​သြ​ဇ ဟု​ယ​နေ့​တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇ​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်​ဒါ​ဝိဒ် သည်​လွန်​စွာ​စိတ်​ဆိုး​တော်​မူ​၏။

9. ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊-

10. မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။-

11. သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။

12. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။-

၂ ရာ 6