၂ ရာ 6:1-6 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်​မှ​လက်​ရွေး စင်​စစ်​သည်​ပေါင်း​သုံး​သောင်း​ကို​စု​ရုံး​ကာ၊-

2. ခေ​ရု​ဗိမ် တို့​အ​ထက်​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ် သ​မုတ်​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့် ဆောင်​ရန်​ယု​ဒ​ပြည်​ဗာ​လာ​မြို့​သို့​ချီ သွား​တော်​မူ​၏။-

3. သူ​တို့​သည်​သေတ္တာ​တော်​ကို​လှည်း​သစ်​တစ်​စီး တွင်​တင်​၍ တောင်​ကုန်း​ပေါ်​တွင်​ရှိ​သော​အ​ဘိ န​ဒပ်​၏​အိမ်​မှ​ပင့်​ဆောင်​သွား​ကြ​၏။ အ​ဘိ န​ဒပ်​၏​သား​များ​ဖြစ်​ကြ​သော​သြ​ဇ​နှင့် အဟိ​သြ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် လှည်း​ကို​မောင်း​နှင်​ရ​ကြ​၏။-

4. အ​ဟိ​သြ​သည်​သေတ္တာ​တော်​၏​ရှေ့​မှ​သွား လေ​သည်။-

5. ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။

6. သူ​တို့​သည်​နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ နွား​တို့​သည်​ခြေ​ချော်​သ​ဖြင့်​သြဇ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လှမ်း​၍​ကိုင် ထား​လိုက်​ရာ၊-

၂ ရာ 6