၂ ရာ 5:7-13 Common Language Bible (BCL)

7. (သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)

8. ထို​နေ့​၌​ဒါ​ဝိဒ်​က​မိ​မိ​၏​လူ​တို့​အား``ယေ ဗု​သိ​အ​မျိုး​သား​တို့​ကို​ငါ​မုန်း​သ​ကဲ့​သို့ မုန်း​သူ​တို့​အား​သတ်​ဖြတ်​မည့်​သူ​ရှိ​လျှင် ရေ​ပြွန်​ခေါင်း​အ​တွင်း​မှ​နေ​၍​မြို့​ထဲ​သို့​ဝင် ပြီး​လျှင်​မျက်​မ​မြင်​ခြေ​ဆွံ့​သူ​တို့​အား​တိုက် ခိုက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ (ထို​အ​ကြောင်း ကို​အ​စွဲ​ပြု​၍``မျက်​မ​မြင်​နှင့်​ခြေ​ဆွံ့​သူ​တို့ သည်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​မ​ဝင် ရ​ကြ'' ဟု​ဆို​လေ့​ရှိ​လေ​သည်။)

9. ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-

10. အ​နန္တ​တန်ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်​၍ သူ​၏​တန်​ခိုး​အာ​ဏာ​သည်​ပို​၍​ပို​၍​လွှမ်း​မိုး လာ​လေ​သည်။

11. တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-

12. ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။

13. ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-

၂ ရာ 5