15. ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16. ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်တို့ ဖြစ်ကြ၏။
17. ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
18. ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။-
19. ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
20. ထာဝရဘုရားက``သွားလော့။ ငါသည်သင့် အားအောင်ပွဲခံစေတော်မူမည်'' ဟုမိန့်တော် မူသဖြင့်ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့သို့ သွား၍ဖိလိတ္တိအမျိုးသားတို့အားဖြိုခွင်း ပြီးလျှင်``ထာဝရဘုရားသည်အဟုန်ပြင်း သည့်ရေလျှံမြစ်ကဲ့သို့ငါ၏ရန်သူများကို ဖြိုခွင်းတော်မူလေပြီ'' ဟုမြွက်ဆို၏။ သို့ ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိန်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။-
21. ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။
22. ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။-