13. ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-
14. ယေရုရှလင်မြို့တွင်ရရှိသောသားသမီး များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊-
15. ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16. ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်တို့ ဖြစ်ကြ၏။
17. ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
18. ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။-
19. ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။