1. ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-
2. အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
3. ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-