၂ ရာ 4:10-12 Common Language Bible (BCL)

10. ရှော​လု​ကွယ်​လွန်​တော်​မူ​ကြောင်း​ဇိ​က​လတ် မြို့​တွင်​ငါ့​ထံ​သို့​လာ​ရောက်​ပြော​ကြား​သူ သည် မိ​မိ​ယူ​ဆောင်​လာ​သော​သ​တင်း​ကို သ​တင်း​ကောင်း​ဟု​ထင်​မှတ်​ခဲ့​သည်။ သို့​ရာ တွင်​ငါ​သည်​သူ့​ကို​ဖမ်း​ဆီး​၍​ကွပ်​မျက် လိုက်​၏။ ဤ​ကား​မိ​မိ​ပေး​သည့်​သ​တင်း အ​တွက်​ထို​သူ​ရ​ရှိ​သည့်​ဆု​လာဘ်​ပင် ဖြစ်​သည်။-

11. မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-

12. ဒါ​ဝိဒ်​အ​မိန့်​ပေး​သ​ဖြင့်​စစ်​သည်​တော်​တို့ သည်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့​အား​သတ်​ပြီး​လျှင် သူ​တို့​၏​ခြေ​လက်​တို့​ကို​ဖြတ်​၍​ဟေ​ဗြုန် ရေ​ကန်​အ​နီး​တွင်​ဆွဲ​ထား​ကြ​၏။ ဣ​ရှ ဗော​ရှက်​၏​ဦး​ခေါင်း​ကို​မူ​ဟေ​ဗြုန်​မြို့​ရှိ အာ​ဗ​နာ​၏​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။

၂ ရာ 4