11. ဣရှဗောရှက်သည်အာဗနာကိုလွန်စွာ ကြောက်သဖြင့်စကားတစ်ခွန်းမျှပြန်၍ မတုံ့မပြန်ဝံ့ချေ။
12. ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
13. ဒါဝိဒ်က``ကောင်းပြီ။ သို့သော်ငါ့ထံသို့သင် လာရောက်ချိန်၌ ရှောလု၏သမီးမိခါလ ကိုဆောင်ခဲ့ရမည်။ သို့မှသာငါသည်သင် နှင့်သစ္စာဖွဲ့နိုင်မည်'' ဟုပြန်ကြားလိုက်၏။-
14. ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။-
15. သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။-
16. ဖာလတိသည်ငိုကြွေးလျက်ဗာဟုရိမ်မြို့တိုင် အောင်မိခါလနောက်သို့လိုက်လေ၏။ ထို့နောက် အာဗနာက``အိမ်သို့ပြန်လော့'' ဟုဆိုသဖြင့် ပြန်သွားရ၏။
17. အာဗနာသည်ဣသရေလခေါင်းဆောင်များ ထံသို့သွား၍``ဒါဝိဒ်အားသင်တို့မင်းမြှောက် လိုကြသည်မှာကြာပေပြီ။-