1. ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
2. ဟေဗြုန်မြို့တွင်ဒါဝိဒ်ရရှိသောသားခြောက် ယောက်တို့၏အမည်များကိုဖော်ပြအံ့။ သားဦး မှာအာမနုန်ဖြစ်၍သူ၏မိခင်မှာယေဇရေလ မြို့သူအဟိနောင်ဖြစ်၏။-
3. ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။-
4. စတုတ္ထသားသည်အဒေါနိယဖြစ်၍သူ၏ မိခင်မှာဟ္ဂိတ်ဖြစ်၏။ ပဉ္စမသားမှာရှေဖတိ ဖြစ်၍သူ၏မိခင်သည်အဘိတလဖြစ်၏။-
5. ဆဋ္ဌမသားကားဣသရံဖြစ်၍သူ၏မိခင်မှာ ဧဂလာဖြစ်၏။ ဤသားတော်များသည်ဟေဗြုန် မြို့၌ဖွားမြင်သူများဖြစ်သတည်း။
6. ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။
7. တစ်နေ့သ၌ရှောလု၏သားတော်ဣရှဗောရှက် သည်အာဗနာအားအဲအာ၏သမီး၊ ရှောလု ၏မောင်းမငယ်ရိဇပနှင့်သမုတ်ကာပြစ်တင် စွပ်စွဲ၏။-
8. ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။-
11. ဣရှဗောရှက်သည်အာဗနာကိုလွန်စွာ ကြောက်သဖြင့်စကားတစ်ခွန်းမျှပြန်၍ မတုံ့မပြန်ဝံ့ချေ။