၂ ရာ 24:15-22 Common Language Bible (BCL)

15. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။-

16. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။

17. လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။

18. ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-

19. ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။-

20. အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊-

21. ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။

22. အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။-

၂ ရာ 24