1. တစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။-
2. သို့ဖြစ်၍ဒါဝိဒ်သည်မိမိ၏တပ်မတော် ဗိုလ်ချုပ်ယွာဘအား``သင်၏တပ်မှူးများနှင့် အတူတိုင်းပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလအနွယ်ရှိသမျှတို့ထံသို့သွား ၍သန်းခေါင်စာရင်းကောက်ယူလော့။ လူဦး ရေမည်မျှရှိသည်ကိုငါသိလိုသည်'' ဟုမိန့်တော်မူ၏။
3. သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
4. သို့သော်လည်းအရှင်မင်းကြီးသည်ယွာဘ နှင့်တပ်မှူးတို့အား မိမိ၏အမိန့်အတိုင်း လိုက်နာစေတော်မူ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့အားသန်းခေါင်စာရင်းကောက် ယူရန်အထံတော်မှထွက်သွားကြ၏။
5. သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
6. ထိုမှတစ်ဖန်ဂိလဒ်ပြည်နှင့်ဟိတ္တိနယ်ကာ ဒေရှမြို့သို့လည်းကောင်းဆက်လက်၍ခရီး ပြုကြ၏။ ထိုနောက်ဒန်မြို့နှင့်ဇိဒုန်မြို့တစ် ဝိုက်သို့သွားကြ၏။-
7. ထိုနောက်ရဲတိုက်ရှိရာတုရုမြို့သို့သွား ပြီးလျှင် ဟိဝိအမျိုးသားများနှင့်ကာနနိ အမျိုးသားတို့နေထိုင်ရာမြို့အပေါင်းသို့ လည်းကောင်း၊ နောက်ဆုံး၌ယုဒပြည်တောင် ပိုင်းရှိဗေရရှေဗမြို့သို့လည်းကောင်းသွား ရောက်ကြလေသည်။-
11-12. ထာဝရဘုရားသည်ဒါဝိဒ်၏ပုရောဟိတ် ဖြစ်သူပရောဖက်ဂဒ်အား``သင်သည်ဒါဝိဒ် ထံသို့သွားလော့။ ငါပြုရန်ရှိသည့်အမှု သုံးခုအနက်သူကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်နိုင်ကြောင်းပြောကြားလော့။ သူ ရွေးချယ်ရာကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်အချိန်ဒါဝိဒ်အိပ်ရာ မှထတော်မူသောအခါ၊-