၂ ရာ 23:3-7 Common Language Bible (BCL)

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊

4. မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက်အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏''

5. ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

6. သို့​ရာ​တွင်​ဘု​ရား​မဲ့​သူ​တို့​မူ​ကား​ဖယ် ရှား​ခြင်း​ကို ခံ​ရ​သည့်​ဆူး​ပင်​များ​နှင့်​တူ​ကြ​၏။ထို​ဆူး​ပင်​တို့​ကို​အ​ဘယ်​သူ​မျှ​လက်​နှင့် မ​ကိုင်​မ​တွယ်​နိုင်။

7. ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

၂ ရာ 23