18. ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။-
19. သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
20. ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
21. သူသည်လှံကိုကိုင်ဆောင်ထားသူအလွန် ကြီးမားသောအီဂျစ်အမျိုးသားတစ် ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယသည် ထိုသူကိုတင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ ၏လက်မှလှံကိုလုယူလိုက်၏။ ထိုနောက် ထိုလှံဖြင့်ပင်သူ့အားသတ်လိုက်၏။-
22. ဤသည်တို့ကားရဲဘော်သုံးကျိပ်ဝင်ဗေ နာယ၏စွန့်စားခန်းများပင်ဖြစ်၏။-
23. သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်သည်သူ့ အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့်ခန့် ထားတော်မူ၏။