၂ ရာ 23:11-22 Common Language Bible (BCL)

11. တ​တိ​ယ​သူ​ရဲ​ကောင်း​မှာ​အာ​ဂိ​၏​သား၊ ဟ​ရ​ရိ​မြို့​သား​ရှမ္မ​ဖြစ်​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ပဲ​ခင်း​ရှိ​သော​လေ​ဟိ​အ​ရပ် တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ထွက်​ပြေး​ကြ​သော်​လည်း၊-

12. ရှမ္မ​သည်​ပဲ​ခင်း​မှ​မ​ဆုတ်​ခွာ​ဘဲ​ခု​ခံ​ကာ ကွယ်​ကာ​ဖိ​လိတ္တိ​အမျိုး​သား​တို့​ကို​သတ် ဖြတ်​သ​ဖြင့် ထို​နေ့​၌​ထာ​ဝ​ရ​ဘုရား​သည် အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။

13. ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။-

14. ထို​အ​ခါ​က​ဒါ​ဝိဒ်​သည်​တောင်​ပေါ်​ခံ​တပ် ထဲ​တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု က​ဗက်​လင်​မြို့​ကို​သိမ်း​ယူ​ထား​ကြ​၏။-

15. ဒါ​ဝိဒ်​က``ဗက်​လင်​မြို့​တံ​ခါး​အ​နီး​ရှိ ရေ​တွင်း​မှ​ရေ​ကို​ငါ​သောက်​ချင်​ပါ​ဘိ'' ဟု​တောင့်​တ​ပြော​ဆို​မိ​ရာ၊-

16. နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-

17. ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ဘယ် နည်း​နှင့်​မျှ​ဤ​ရေ​ကို​မ​သောက်​နိုင်​ပါ။ အ​သက် စွန့်​၍​ရေ​ခပ်​ကြ​သူ​တို့​၏​သွေး​ကို​သောက် သည်​နှင့်​တူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​သုံး​ဦး တို့​၏​စွန့်​စား​ခန်း​များ​ပင်​တည်း။

18. ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​ခဲ့​သ ဖြင့်​ရဲ​ဘော်​သုံး​ကျိပ်​တွင်​နာ​မည်​ကြီး​လာ ၏။-

19. သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။

20. ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။-

21. သူ​သည်​လှံ​ကို​ကိုင်​ဆောင်​ထား​သူ​အလွန် ကြီး​မား​သော​အီ​ဂျစ်​အ​မျိုး​သား​တစ် ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ​သည် ထို​သူ​ကို​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ ၏​လက်​မှ​လှံ​ကို​လု​ယူ​လိုက်​၏။ ထို​နောက် ထို​လှံ​ဖြင့်​ပင်​သူ့​အား​သတ်​လိုက်​၏။-

22. ဤ​သည်​တို့​ကား​ရဲ​ဘော်​သုံး​ကျိပ်​ဝင်​ဗေ နာ​ယ​၏​စွန့်​စား​ခန်း​များ​ပင်​ဖြစ်​၏။-

၂ ရာ 23