၂ ရာ 23:1-5 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။

2. ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊

4. မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက်အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏''

5. ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

24-39. ရဲ​ဘော်​သုံး​ကျိပ်​ဝင်​အ​ခြား​သူ​ရဲ​ကောင်း များ​ကို​ဖော်​ပြ​အံ့။ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ၊ဗက်​လင်​မြို့​နေ​ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်၊ဟ​ရော​ဒိ​မြို့​သား၊ ရှမ္မ​နှင့်​ဧ​လိ​က၊ဖာ​လာ​တိ​မြို့​သား​ဟေ​လက်တေ​ကော​မြို့​နေ​ဣ​ကေ​ရှ​၏​သား​ဣ​ရအ​နေ​သော​သိ​မြို့​သား​အ​ဗျေ​ဇာ၊ဟု​ရှ​သိ​မြို့​သား​မေ​ဗုန္နဲ၊အ​ဟော​ဟိ​မြို့​သား​ဇာ​လ​မုန်၊နေ​တော​ဖာ​သိ​မြို့​သား​မ​ဟာ​ရဲ​နှင့်ဗာ​နာ​၏​သား​ဟေ​လက်၊ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​နေ​ရိ​ဘဲ​၏​သား​အိတ္တဲ၊ပိ​ရ​သော​နိ​မြို့​သား​ဗေ​နာ​ယ၊ဂါ​ရှ​အ​နီး​ရှိ​ချိုင့်​ဝှမ်း​နေ​ဟိဒ္ဒဲ၊အ​ရ​ဗ​မြို့​သား​အ​ဗျာ​လ​ဗုန်၊ဗာ​ဟု​မိ​မြို့​သား​အာ​ဇ​မာ​ဝက်၊ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ၊ယာ​ရှင်​၏​သား​များ၊ယော​န​သန်၊ဟာ​ရာ​ရိ​မြို့​သား​ရှမ္မ၊အာ​ရာ​မြို့​နေ​ရှာ​ရ​၏​သား​အ​ဟိ​အံ၊မာ​ခါ​သိ​မြို့​နေ​အ​ဟ​သ​ဘဲ​၏​သား​ဧ​လိ​ဖ၊ဂိ​လော​မြို့​နေ​အ​ဟိ​သော​ဖေ​လ​၏​သား ဧ​လျံ၊က​ရ​မေ​လ​မြို့​သား​ဟေ​ဇ​ရဲ၊အာ​ရပ်​မြို့​သား​ဖာ​ရဲ၊ဇော​ဘ​မြို့​နေ​နာ​သန်​၏​သား​ဣဂါ​လ၊ဂဒ်​နယ်​၏​သား​ဗာ​နိ၊အမ္မုန်​အ​မျိုး​သား​ဇေ​လက်၊ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​၏​လက်​နက်​ကိုင်ဗေ​ရော​သိ​မြို့​သား​န​ဟာ​ရဲ၊ဣ​သ​ရိ​မြို့​သား​ဣ​ရ​နှင့်​ဂါ​ရက်၊ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ၊စ​သည်​ဖြင့်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​စု​စု ပေါင်း​သုံး​ကျိပ်​ခု​နစ်​ယောက်​ရှိ​သ​တည်း။

၂ ရာ 23