1. ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
2. ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
3. ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင်ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
4. မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက်အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
24-39. ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ယွာဘ၏ညီအာသဟေလ၊ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ဖာလာတိမြို့သားဟေလက်တေကောမြို့နေဣကေရှ၏သားဣရအနေသောသိမြို့သားအဗျေဇာ၊ဟုရှသိမြို့သားမေဗုန္နဲ၊အဟောဟိမြို့သားဇာလမုန်၊နေတောဖာသိမြို့သားမဟာရဲနှင့်ဗာနာ၏သားဟေလက်၊ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ပိရသောနိမြို့သားဗေနာယ၊ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊အရဗမြို့သားအဗျာလဗုန်၊ဗာဟုမိမြို့သားအာဇမာဝက်၊ရှာလဗောနိမြို့သားဧလျာဘ၊ယာရှင်၏သားများ၊ယောနသန်၊ဟာရာရိမြို့သားရှမ္မ၊အာရာမြို့နေရှာရ၏သားအဟိအံ၊မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ကရမေလမြို့သားဟေဇရဲ၊အာရပ်မြို့သားဖာရဲ၊ဇောဘမြို့နေနာသန်၏သားဣဂါလ၊ဂဒ်နယ်၏သားဗာနိ၊အမ္မုန်အမျိုးသားဇေလက်၊ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင်ဗေရောသိမြို့သားနဟာရဲ၊ဣသရိမြို့သားဣရနှင့်ဂါရက်၊ဟိတ္တိအမျိုးသားဥရိယ၊စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။