42. သူတို့သည်ကယ်မည့်သူကိုရှာသော်လည်း ကယ်မည့်သူမရှိပါ။ထာဝရဘုရားအားအော်ဟစ်ကြသော်လည်း ထူးတော်မမူပါ။
43. အကျွန်ုပ်သည်သူတို့အားချေမှုန်းသဖြင့် သူတို့သည် မြေမှုန့်ကဲ့သို့ညက်ညက်ကြေကြပါ၏။လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့သူတို့အား အကျွန်ုပ်နင်းပါ၏။
44. ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။
45. လူမျိုးခြားတို့သည်အကျွန်ုပ်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။သူတို့သည်အကျွန်ုပ်၏အမိန့်ကိုကြားသော အခါ နာခံကြပါ၏။
46. သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲ မိမိတို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။