၂ ရာ 22:23-33 Common Language Bible (BCL)

23. ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။

24. ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

25. ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။

26. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။

27. စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။

28. ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။

29. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။

30. ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။

31. ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။

32. ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။

33. ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။

၂ ရာ 22