18. ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။
19. ငါသည်ဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
20. ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
21. ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်ထာဝရဘုရားသည်ငါ့အားဆုလာဘ်များ ချပေးတော်မူ၏။ငါသည်အပြစ်ကင်းသဖြင့်ကိုယ်တော်သည် ငါ့ကိုကောင်းချီးပေးတော်မူ၏။
22. ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
23. ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
24. ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
25. ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။
26. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သစ္စာရှိ သူတို့အားသစ္စာစောင့်တော်မူ၏။အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့အား အကန့်အသတ်မရှိဘဲကျေးဇူးပြုတော်မူ တတ်၏။
27. စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊သူယုတ်မာတို့အားဆန့်ကျင်သော စိတ်သဘောထားကိုလည်းကောင်းပြတော် မူ၏။
28. ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အားကယ်တော် မူ၏။သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူ၏။
29. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ်၏အလင်းဖြစ်လျက်အကျွန်ုပ်၏ အမှောင်ကိုလင်းစေတော်မူ၏။
30. ကိုယ်တော်ရှင်သည်ရန်သူများကိုတိုက်ခိုက်ရန် ခွန်အားကိုလည်းကောင်း၊သူတို့၏ခံတပ်များကိုဖြိုခွင်းရန်တန်ခိုးကို လည်းကောင်းအကျွန်ုပ်အားပေးတော်မူ၏။
31. ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
32. ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဘုရားဖြစ်တော်မူ၏။ဘုရားသခင်သည်သာလျှင်ငါတို့ ကွယ်ကာရာဖြစ်တော်မူ၏။