၂ ရာ 21:5-16 Common Language Bible (BCL)

5. ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။-

6. သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

7. ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-

8. အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။-

9. ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။

10. ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။

11. ရိ​ဇ​ပ​၏​အ​ပြု​အ​မူ​ကို​သိ​ရှိ​တော်​မူ​သော အ​ခါ၊-

12. ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)

13. ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။-

14. ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။

15. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​တစ်​ဖန်​စစ်​ဖြစ်​ကြ​ပြန်​၏။ ဒါ​ဝိဒ် နှင့်​လူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ တိုက်​ပွဲ​တစ်​ခု​တွင် ဒါ​ဝိဒ်​သည်​မော​ပန်း​လျက်​နေ​၏။-

16. ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-

၂ ရာ 21