၂ ရာ 21:12-21 Common Language Bible (BCL)

12. ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)

13. ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။-

14. ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။

15. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​တစ်​ဖန်​စစ်​ဖြစ်​ကြ​ပြန်​၏။ ဒါ​ဝိဒ် နှင့်​လူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ တိုက်​ပွဲ​တစ်​ခု​တွင် ဒါ​ဝိဒ်​သည်​မော​ပန်း​လျက်​နေ​၏။-

16. ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-

17. ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

18. ထို​နောက်​ဂေါ​ဘ​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​နှင့်​တစ်​ဖန်​တိုက်​ပွဲ​ဖြစ်​ပြန်​ရာ ဟု​ရှ မြို့​သား​သိ​ဗေ​ခဲ​သည်​သာ​ဖ​နာ​မည်​ရှိ အ​လွန်​ထွား​ကျိုင်း​သူ​ကို​သတ်​ဖြတ်​လိုက် လေ​သည်။

19. ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။

20. ထို​နောက်​တစ်​ဖန်​ဂါ​သ​မြို့​၌​ပင်​တိုက်​ပွဲ တစ်​ခု​ဖြစ်​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​စစ်​တိုက် ဝါ​သ​နာ​ပါ​၍​အ​လွန်​ထွား​ကျိုင်း​သူ​လူ တစ်​ယောက်​ပါ​ရှိ​၏။ သူ​၏​လက်​များ​တွင် လက်​ချောင်း​ခြောက်​ချောင်း​စီ​နှင့်​ခြေ​များ တွင်​ခြေ​ချောင်း​ခြောက်​ချောင်း​စီ​ရှိ​၏။-

21. သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ကြိုး​စား​ပြော​ဆို​သ​ဖြင့် ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ယော​န​သန်​က​သူ့​ကို​သတ် လိုက်​လေ​သည်။

၂ ရာ 21