5. အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-
6. ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
7. သို့ဖြစ်၍ယွာဘ၏လူများ၊ ကိုယ်ရံတော်တပ် သားများနှင့်အခြားတပ်သားအပေါင်းတို့ သည် အဘိရှဲနှင့်အတူရှေဘကိုလိုက်လံ ရှာဖွေရန်ယေရုရှလင်မြို့မှထွက်ခွာကြ လေသည်။-
8. ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။-
9. ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊-
10. အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-