၂ ရာ 20:22-26 Common Language Bible (BCL)

22. မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။

23. ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-

24. အ​ဒေါ​နိ​ရံ​သည်​ချွေး​တပ်​ကို​အုပ်​ချုပ်​ရ ၍​အ​ဟိ​လုပ်​၏​သား​ယော​ရှ​ဖတ်​သည်​မော် ကွန်း​ထိန်း​ဖြစ်​၏။-

25. ရှေ​ဝ​သည်​တ​ရား​ရုံး​တော်​အ​တွင်း​ဝန်​ဖြစ် ၍​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။-

26. ယာ​ဣ​ရ​မြို့​သား​ဣ​ရ​သည်​လည်း​ဒါ​ဝိဒ်​၏ ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ဖြစ်​သ​တည်း။

၂ ရာ 20