၂ ရာ 20:21-24 Common Language Bible (BCL)

21. ဖျက်​ဆီး​ရန်​ငါ​တို့​မှာ​အ​ကြံ​အ​စည်​လည်း မ​ရှိ​ပါ။ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ဗိ​ခ​ရိ ၏​သား​ရှေ​ဘ​ဆို​သူ​သည် ဒါ​ဝိဒ်​မင်း​အား ပုန်​ကန်​မှု​ကို​စ​တင်​ပြု​လုပ်​ခဲ့​ပါ​၏။ ထို​သူ တစ်​ဦး​တည်း​ကို​ငါ့​အား​ပေး​အပ်​ပါ​မူ​ငါ သည်​ဤ​မြို့​မှ​ထွက်​ခွာ​သွား​ပါ​အံ့'' ဟု ပြန်​ပြော​လေ​၏။အ​မျိုး​သ​မီး​က``ထို​သူ​၏​ဦး​ခေါင်း​ကို​မြို့​ရိုး ပေါ်​သို့​ကျော်​၍​ပစ်​ချ​လိုက်​ပါ​မည်'' ဟု​ဆို ပြီး​လျှင်၊-

22. မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။

23. ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-

24. အ​ဒေါ​နိ​ရံ​သည်​ချွေး​တပ်​ကို​အုပ်​ချုပ်​ရ ၍​အ​ဟိ​လုပ်​၏​သား​ယော​ရှ​ဖတ်​သည်​မော် ကွန်း​ထိန်း​ဖြစ်​၏။-

၂ ရာ 20