16. ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။-
17. ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊
18. အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။-
19. ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
20. ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
21. ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။အမျိုးသမီးက``ထိုသူ၏ဦးခေါင်းကိုမြို့ရိုး ပေါ်သို့ကျော်၍ပစ်ချလိုက်ပါမည်'' ဟုဆို ပြီးလျှင်၊-
22. မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
23. ယွာဘသည်တပ်မတော်ဗိုလ်ချုပ်ဖြစ်၍ ယောယဒ၏သားဗေနာယသည် ဒါဝိဒ်၏ ကိုယ်ရံတော်တပ်သားများကိုအုပ်ချုပ် ရ၏။-
24. အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-