၂ ရာ 20:12-18 Common Language Bible (BCL)

12. အာ​မ​သ​၏​အ​လောင်း​သည်​လမ်း​လယ်​တွင် သွေး​၌​လူး​လျက်​နေ​၏။ လူ​တိုင်း​ပင်​ထို နေ​ရာ​သို့​ရောက်​သော​အ​ခါ​ရပ်​တန့်​လိုက် ကြ​သည်​ကို​ယွာ​ဘ​၏​ငယ်​သား​မြင်​သော အ​ခါ အ​လောင်း​ကို​ကွင်း​ပြင်​သို့​ဆွဲ​ယူ ပြီး​လျှင်​အ​ဝတ်​နှင့်​အုပ်​ထား​လိုက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​နီး​မှ​ဖြတ် သွား​သူ​အ​ပေါင်း​တို့​သည်​ထို​အ​လောင်း ကို​မြင်​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။-

13. လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။

14. ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။-

15. ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။-

16. ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-

17. ယွာ​ဘ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မျိုး သ​မီး​က``သင်​သည်​ယွာ​ဘ​ပေ​လော'' ဟု မေး​၏။``ဟုတ်​ပါ​သည်'' ဟု​ယွာ​ဘ​ဆို​လျှင်၊``အ​ရှင်​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ'' ဟု​အ​မျိုး​သ​မီး​က​ပြော​၏။``ယွာ​ဘ​က`အ​ကျွန်ုပ်​နား​ထောင်​နေ​ပါ​သည်' ဟု​ဆို​သော​အ​ခါ၊

18. အ​မျိုး​သ​မီး​က``အ​ကြောင်း​ပြီး​စေ​လို​သော် အာ​ဗေ​လ​မြို့​သို့​သွား​လော့' ဟု​ရှေး​ဆို​ရိုး စ​ကား​ရှိ​ပါ​၏။ လူ​တို့​သည်​ဤ​အ​တိုင်း လည်း​ပြု​ခဲ့​ကြ​၏။-

၂ ရာ 20