8. ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
9. သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
10. ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။-
11. ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။
12. အာဗနာသည်ဣရှဗောရှက်၏စစ်သူရဲများ နှင့်အတူမဟာနိမ်မြို့မှဂိဗောင်မြို့သို့သွား ၏။-
13. ဇေရုယာ၏သားယွာဘနှင့်ဒါဝိဒ်၏စစ်သူရဲ တို့သည်လည်း ဂိဗောင်ကန်အနီးသို့လာရောက်၍ သူတို့နှင့်တွေ့ဆုံကြ၏။ သူတို့လူနှစ်စုသည် ကန်တစ်ဘက်တစ်ချက်စီ၌နေရာယူကြ၏။-
14. အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
15. သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။-
16. လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
17. ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။-
20. အာဗနာသည်နောက်သို့လည့်၍ကြည့်ပြီး လျှင်``သင်သည်အာသဟေလလော'' ဟုမေး၏။အာသဟေလက``ငါဟုတ်သည်'' ဟုပြန်ပြော သောအခါ၊
21. အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။-
22. အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။-
23. သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။