7. သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။
8. ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
9. သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
10. ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။-
11. ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။