၂ ရာ 2:18-19-30 Common Language Bible (BCL)

2. ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-

3. သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-

4. ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-

5. ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

6. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-

7. သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။

8. ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-

9. သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

18-19. ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-

20. အာ​ဗ​နာ​သည်​နောက်​သို့​လည့်​၍​ကြည့်​ပြီး လျှင်``သင်​သည်​အာ​သ​ဟေ​လ​လော'' ဟု​မေး​၏။အာ​သ​ဟေ​လ​က``ငါ​ဟုတ်​သည်'' ဟု​ပြန်​ပြော သော​အ​ခါ၊

21. အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်​တော့။ အ​ခြား စစ်​သည်​တစ်​ယောက်​ယောက်​ကို​လိုက်​၍​ဖမ်း​ပြီး​မှ သူ့​ထံ​မှ​ရ​သည့်​ပစ္စည်း​ကို​ယူ​လော့'' ဟု​ဆို​၏။ သို့ ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက်​၍ နေ​၏။-

22. အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်။ သင့်​ကို​ငါ မ​သတ်​လို​ပါ။ သင့်​ကို​သတ်​ပြီး​လျှင်​သင်​၏​အစ်​ကို ယွာ​ဘ​အား​ငါ​အ​ဘယ်​သို့​မျက်​နှာ​ပြ​နိုင်​ပါ မည်​နည်း'' ဟု​ဆို​၏။-

23. သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။

24. သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။-

25. ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အာ​ဗ​နာ​၏​ထံ​တွင် ပြန်​လည်​စု​ရုံး​ကြ​ပြီး​လျှင် တောင်​ကုန်း​ထိပ်​တွင် တပ်​စွဲ​နေ​ကြ​၏။-

26. အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​သည်​အ​စဉ်​အ​မြဲ ဆက်​လက်​တိုက်​ခိုက်​နေ​ရ​ကြ​ပါ​မည်​လော။ နောက်​ဆုံး ၌​စိတ်​နာ​မှု​မှ​တစ်​ပါး​အ​ဘယ်​အ​ကျိုး​မျှ​ရှိ​မည် မ​ဟုတ်​ကြောင်း သင်​မ​သိ​မ​မြင်​ပါ​သ​လော။ ငါ​တို့ သည်​သင်​တို့​နှင့်​တစ်​မြေ​တည်း​နေ၊ တစ်​ရေ​တည်း သောက်​သူ​များ​ဖြစ်​ပါ​၏။ ငါ​တို့​အား​လိုက်​လံ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​စေ​ရန် သင်​၏​လူ​တို့ အား​အ​မိန့်​မ​ပေး​ဘဲ​အ​ဘယ်​မျှ​ကြာ​အောင် ဆိုင်း​ငံ့​နေ​ပါ​ဦး​မည်​နည်း'' ဟု​ဟစ်​အော်​၍ ပြော​၏။

27. ယွာ​ဘ​က``အ​ကယ်​၍​သင်​ဤ​ကဲ့​သို့​မ​ပြော​ခဲ့ လျှင် ငါ​၏​လူ​တို့​သည်​သင်​တို့​အား​နက်​ဖြန်​နံ နက်​တိုင်​အောင် လိုက်​လံ​ကြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော လေ​၏။-

28. ထို​နောက်​ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​ကို​မှုတ် လိုက်​ရာ​သူ​၏​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​မှု​ကို​မ​ပြု​ကြ​တော့ ချေ။ သို့​ဖြစ်​၍​တိုက်​ခိုက်​မှု​လည်း​ရပ်​စဲ​သွား လေ​သည်။

29. အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။

30. ယွာ​ဘ​သည်​အာ​ဗ​နာ​ကို​လိုက်​လံ​မှု​ရပ်​စဲ​စေ ပြီး​နောက် မိ​မိ​၏​လူ​အ​ပေါင်း​ကို​စု​ရုံး​စေ​၏။ ထို အ​ခါ​အာသ​ဟေ​လ​အ​ပြင်​လူ​တစ်​ဆယ့်​ကိုး ယောက်​ပျောက်​ဆုံး​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ သည်။-

၂ ရာ 2