1. ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
2. ဒါဝိဒ်သည်မိမိဇနီးနှစ်ယောက်ဖြစ်ကြသော ယေဇရေလမြို့သူ အဟိနောင်နှင့်ကရမေလ မြို့မှနာဗလ၏မုဆိုးမအဘိဂဲလကို ခေါ်၍ဟေဗြုန်မြို့သို့သွားလေသည်။-
3. သူသည်မိမိ၏အပေါင်းပါတို့နှင့်အိမ်ထောင် စုများကိုခေါ်ဆောင်ကာ ဟေဗြုန်မြို့ပတ်ဝန်း ကျင်ရှိမြို့ရွာတို့တွင်နေထိုင်စေ၏။-
18-19. ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-