၂ ရာ 19:12-19 Common Language Bible (BCL)

12. သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-

13. ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-

14. ဒါ​ဝိဒ်​၏​စ​ကား​ကြောင့်​ယု​ဒ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့​၏​စိတ်​ကို​ညွှတ်​စေ​သ​ဖြင့် သူ​တို့​က``မင်း​ကြီး​နှင့်​မှူး​မတ်​အ​ပေါင်း​တို့ ပြန်​ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​စေ​ကြ​၏။

15. အ​ပြန်​ခ​ရီး​တွင်​မင်း​ကြီး​အား​မြစ်​တစ်​ဘက် ကမ်း​သို့​ပို့​ဆောင်​ပေး​ရန် ဂိ​လ​ဂါ​လ​မြို့​သို့ လာ​ရောက်​ကြ​သည့်​ယု​ဒ​ပြည်​သား​တို့ သည်​ယော်​ဒန်​မြစ်​မှ​နေ​၍​ခရီး​ဦး​ကြို ပြု​ကြ​လေ​သည်။-

16. ထို​အ​ချိန်​၌​ပင်​လျှင်​ဂေ​ရ​၏​သား၊ ဗာ​ဟု ရိမ်​မြို့​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရှိ​မိ​သည် လည်း ဒါ​ဝိဒ်​မင်း​ကို​ကြို​ဆို​ရန်​ယော်​ဒန်​မြစ် သို့​အ​လျင်​အ​မြန်​လာ​ရောက်​၏။-

17. သူ​နှင့်​အ​တူ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​ပေါင်း တစ်​ထောင်​ပါ​၏။ ထို့​ပြင်​ရှော​လု​မိ​သား​စု ၏​အ​စေ​ခံ​ဇိ​ဘ​သည်​လည်း​မိ​မိ​၏​သား တစ်​ဆယ့်​ငါး​ယောက်၊ အ​စေ​ခံ​နှစ်​ဆယ်​နှင့် အ​တူ​လာ​ရောက်​လေ​သည်။ သူ​တို့​သည်​မင်း ကြီး​၏​အ​လျင်​ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ ကြ​၏။-

18. သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။မင်း​ကြီး​သည်​မြစ်​ကို​ကူး​ရန်​အ​သင့်​ပြင် ဆင်​နေ​စဉ်​ရှိ​မိ​သည်​ရှေ့​တော်​၌​ပျပ်​ဝပ် ပြီး​လျှင်၊-

19. အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ယေ​ရု​ရှ​လင်​မြို့ မှ​ထွက်​ကြွ​တော်​မူ​စဉ်​အ​ခါ​က အ​ရှင့် အား​အ​ကျွန်ုပ်​ပြစ်​မှား​ခဲ့​သည်​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ ထို​အ​မှု​အ​တွက်​အ​ကျွန်ုပ် အား​ရန်​ငြိုး​ထား​တော်​မ​မူ​ပါ​နှင့်။ ထို အ​မှု​ကို​မေ့​ပျောက်​တော်​မူ​ပါ။-

၂ ရာ 19