9. အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
10. ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
11. ယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။
12. သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
13. သို့ပါလျက်အကျွန်ုပ်သည်မင်းကြီး၏ အမိန့်တော်ကိုနားမထောင်ဘဲ အဗရှလုံ အားသတ်မည်ဆိုပါကမင်းကြီးမကြား မသိသည့်အမှုအရာတစ်စုံတစ်ခုမျှ မရှိသဖြင့် ထိုအကြောင်းကိုကြားသိ တော်မူမည်သာဖြစ်ပါ၏။ ထိုအခါအရှင် သည်အကျွန်ုပ်ဘက်၌နေ၍ကာကွယ်ပြော ဆိုမည်မဟုတ်ပါ'' ဟုပြန်ပြောလေ၏။
14. ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
15. ထိုနောက်ယွာဘ၏တပ်သားဆယ်ယောက် တို့သည် အဗရှလုံကိုဝိုင်း၍အဆုံး စီရင်လိုက်ကြ၏။
16. ယွာဘသည်အတိုက်အခိုက်ရပ်စဲစေရန် တံပိုးခရာကိုမှုတ်စေ၏။ ထိုအခါသူ ၏တပ်သားတို့သည်ဣသရေလအမျိုး သားတို့အားလိုက်လံတိုက်ခိုက်ရာမှပြန် လာကြ၏။-