၂ ရာ 18:7-12 Common Language Bible (BCL)

7. ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-

8. တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။

9. အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-

10. ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။

11. ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။

12. သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-

၂ ရာ 18