9. ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
10. ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
11. အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-
12. ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။-
13. အကယ်၍သူသည်မြို့တစ်မြို့အတွင်း သို့ဆုတ်ခွာသွားလျှင် အကျွန်ုပ်တို့၏လူ များသည်ကြိုးများကိုယူဆောင်ကာတောင် ကုန်းပေါ်တွင်ကျောက်တစ်လုံးမျှမကျန်ဘဲ ထိုမြို့ကိုချိုင့်ဝှမ်းအောက်သို့ဆွဲချကြ ပါမည်'' ဟုလျှောက်၏။
14. အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
15. ထိုနောက်ဟုရှဲသည်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့အား မိမိသည်အဗရှလုံ နှင့်ဣသရေလခေါင်းဆောင်များကိုအဘယ် သို့အကြံပေး၍အဟိသောဖေလက မည်သို့အကြံပေးသည်ကိုပြောပြ၏။-
16. ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။
17. ဇာဒုတ်၏သားယောနသန်နှင့်အဗျာသာ ၏သားအဟိမတ်တို့သည်လူမြင်မည်စိုး ၍ မြို့ထဲမဝင်ဝံ့ဘဲအင်္ရောဂေလရွာတွင် စောင့်နေကြ၏။ ဒါဝိဒ်ထံသို့သူတို့ယူ ဆောင်ရန်သတင်းကိုအစေခံမကလေး တစ်ယောက်ကလာရောက်ပေးပို့သည့်အတိုင်း သူတို့သည်ဒါဝိဒ်ထံသို့သွား၍လျှောက် ကြ၏။-
18. သို့ရာတွင်ယခုတစ်ကြိမ်၌လူကလေး တစ်ယောက်သည် သူတို့ကိုမြင်သဖြင့်အဗ ရှလုံအားလျှောက်ထားလေ၏။ ထို့ကြောင့် ယောနသန်နှင့်အဟိမတ်တို့သည်ဗာဟု ရိမ်မြို့ရှိအိမ်တစ်အိမ်သို့အဆောတလျင် သွားပြီးလျှင် ထိုအိမ်အနီးရှိရေတွင်းထဲ သို့ဆင်း၍ပုန်းကြ၏။-
19. အိမ်ရှင်မသည်ရေတွင်းကိုဖုံးအုပ်ပြီးလျှင် မည်သူမျှမရိပ်မိစေရန်အဖုံးပေါ်တွင် ဆန်လှန်း၍ထားလေသည်။-
20. အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
21. သူတို့ပြန်သွားကြသောအခါအဟိမတ် နှင့်ယောနသန်တို့သည်ရေတွင်းထဲမှတက် လာပြီးလျှင် ဒါဝိဒ်မင်းထံသွားရောက်သတင်း ပို့ကြ၏။ သူတို့သည်မင်းကြီးအားအဟိသော ဖေလအဘယ်သို့မကောင်းကြံသည်ကိုသံ တော်ဦးတင်ပြီးနောက်``မြစ်တစ်ဘက်ကမ်းသို့ ဆောလျင်စွာကူးတော်မူပါ'' ဟုလျှောက်ထား ကြ၏။-
22. သို့ဖြစ်၍ဒါဝိဒ်နှင့်နောက်ပါအပေါင်းတို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူးကြရာ မိုး သောက်ချိန်၌တစ်ယောက်မကျန်တစ်ဘက် ကမ်းသို့ရောက်ရှိကြ၏။