၂ ရာ 17:18-22 Common Language Bible (BCL)

18. သို့​ရာ​တွင်​ယ​ခု​တစ်​ကြိမ်​၌​လူ​က​လေး တစ်​ယောက်​သည် သူ​တို့​ကို​မြင်​သ​ဖြင့်​အ​ဗ ရှ​လုံ​အား​လျှောက်​ထား​လေ​၏။ ထို့​ကြောင့် ယော​န​သန်​နှင့်​အ​ဟိ​မတ်​တို့​သည်​ဗာ​ဟု ရိမ်​မြို့​ရှိ​အိမ်​တစ်​အိမ်​သို့​အ​ဆော​တ​လျင် သွား​ပြီး​လျှင် ထို​အိမ်​အ​နီး​ရှိ​ရေ​တွင်း​ထဲ သို့​ဆင်း​၍​ပုန်း​ကြ​၏။-

19. အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။-

20. အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။-

21. သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။-

22. သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။

၂ ရာ 17