31. အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
32. ဒါဝိဒ်သည်ကိုးကွယ်ရာဌာနတော်ရှိသည့် တောင်ထိပ်သို့ရောက်သောအခါ မိမိ၏လူယုံ တော်အာခိမြို့သားဟုရှဲသည် မိမိအဝတ် များကိုဆုတ်ဖြဲလျက်ဦးခေါင်းကိုလည်း မြေမှုန့်ဖြင့်လူးလျက်မင်းကြီးအားခရီး ဦးကြိုပြု၏။
33. ဒါဝိဒ်ကဟုရှဲအား``သင်သည်ငါနှင့်အတူ လိုက်လာလျှင် ငါ့အားမည်သို့မျှအကူ အညီပေးနိုင်မည်မဟုတ်။-
34. သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။-
35. ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာတို့ သည်မြို့တော်တွင်ရှိနေကြပါမည်။ နန်း တော်တွင်သင်ကြားသိရသမျှသတင်း ကိုသူတို့အားပြောကြားလော့။-
36. သူတို့နှင့်အတူသူတို့၏သားများဖြစ်ကြ သော အဟိမတ်နှင့်ယောနသန်တို့လည်းရှိကြ သည်ဖြစ်၍ သင်ရရှိသည့်သတင်းမှန်သမျှ ကိုထိုသူနှစ်ယောက်တို့အားဖြင့်ငါ့ထံသို့ ပေးပို့လော့'' ဟုမိန့်တော်မူ၏။
37. သို့ဖြစ်၍ဒါဝိဒ်၏အဆွေတော်ဟုရှဲသည် မြို့တော်သို့ပြန်လေ၏။ ထိုအချိန်၌ပင် လျှင်အဗရှလုံသည်မြို့တော်သို့ရောက် ရှိလာလေသည်။