11. အဗရှလုံ၏ခေါ်ဖိတ်ချက်အရသူနှင့် အတူ ယေရုရှလင်မြို့မှလိုက်လာသူ အပေါင်းမှာနှစ်ရာရှိ၏။ သူတို့သည်အဗ ရှလုံ၏လျှို့ဝှက်ကြံစည်ချက်ကိုလုံးဝ မသိကြ။ စိတ်ရိုးသဘောရိုးဖြင့်လိုက် ပါလာသူများဖြစ်သတည်း။-
12. ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
13. အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
14. ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
15. ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။-
16. သို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။
17. မင်းကြီးတို့လူစုသည် ယင်းသို့ထွက်ခွာသွား ကြပြီးနောက် မြို့အစွန်၌ရှိသောအိမ်တစ် အိမ်တွင်ရပ်တန့်ကြ၏။-
18. မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊-