၂ ရာ 14:21-32 Common Language Bible (BCL)

21. ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။

22. ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-

23. ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။-

24. သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။

25. ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-

26. သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။-

27. အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။

28. အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။-

29. သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။-

30. ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။

31. ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

32. အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။

၂ ရာ 14