2. ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
3. ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
4. ထိုအမျိုးသမီးသည်ဘုရင့်ထံသို့သွား၍ ပျပ်ဝပ်ရှိခိုးလျက်``အရှင်မင်းကြီးကျွန်တော် မအားကယ်တော်မူပါ'' ဟုလျှောက်၏။
5. မင်းကြီးက``သင်သည်အဘယ်အရာကို အလိုရှိသနည်း'' ဟုမေးတော်မူလျှင်၊အမျိုးသမီးက``ကျွန်တော်မသည်ဆင်းရဲ သူမုဆိုးမဖြစ်ပါ၏။ ကျွန်တော်မ၏ခင်ပွန်း သည်သေပါပြီ။-
6. ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
7. သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
8. မင်းကြီးက``ဤအမှုကိုငါဆောင်ရွက်ပေး မည်။ သင်အိမ်သို့ပြန်လော့'' ဟုဆိုလျှင်၊