မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-