10. မင်းကြီးက``အကယ်၍သင့်အားခြိမ်းခြောက် သူရှိလျှင်သူ့အားငါ့ထံသို့ခေါ်ခဲ့လော့။ သူ သည်သင့်ကိုနောက်တစ်ဖန်မနှောင့်ယှက်ရ'' ဟု ဆို၏။
11. အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
12. အမျိုးသမီးက``အရှင်မင်းကြီးကျွန်တော် မအားစကားတစ်ခွန်းထပ်မံလျှောက်ထား ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်သောအခါ၊မင်းကြီးက``လျှောက်လော့'' ဟုဆို၏။
13. အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
14. ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
15. အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။-