6. သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
7. သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။-
8. တာမာရောက်ရှိသောအခါအာမနုန်ကို အိပ်ရာထဲတွင်တွေ့ရှိရ၏။ တာမာသည် မုန့်ညက်အနည်းငယ်ကိုယူ၍နယ်ပြီးလျှင် အာမနုန်၏ရှေ့တွင်မုန့်အနည်းငယ်ကိုလုပ် ၏။ ထိုနောက်မုန့်ကိုဖုတ်၍၊-
9. အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
10. ထိုအခါသူသည်တာမာအား``မုန့်ကိုငါ၏ အိပ်ရာသို့ယူခဲ့၍သင်ကိုယ်တိုင်ငါ့အားကျွေး ပါလော့'' ဟုဆို၏။ တာမာသည်မိမိလုပ်ထား သည့်မုန့်ကိုယူ၍အာမနုန်ရှိရာသို့သွား၏။-
11. မုန့်ကိုကမ်း၍ပေးလိုက်သောအခါအာမနုန် သည်တာမာ၏လက်ကိုဆွဲကိုင်ကာ``ငါနှင့် အတူအိပ်စက်ပါလော့'' ဟုဆို၏။
12. တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။-
13. ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
14. သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
15. ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
16. တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်ဘဲ၊-
17. သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။-
18. အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။-