35. ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
36. သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
37-38. အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-