33. သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။
34. ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။-
35. ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
36. သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
37-38. အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-