၂ ရာ 13:32-34 Common Language Bible (BCL)

32. သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အစ်​ကို​ရှိ​မာ​၏​သား ယော​န​ဒပ်​က``အ​ရှင်​မင်း​ကြီး၊ အရှင်​၏​သား တော်​အား​လုံး​ကို​သတ်​လိုက်​ကြ​သည်​မ​ဟုတ် ပါ။ အာ​မ​နုန်​တစ်​ယောက်​တည်း​ကို​သာ​သတ် ခြင်း​ဖြစ်​ပါ​သည်။ အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏ နှ​မ​တော်​တာ​မာ​ကို​အာ​မ​နုန်​မ​တ​ရား ပြု​ကျင့်​သည့်​နေ့​မှ​စ​၍ ဤ​အ​မှု​ကို​ပြု​ရန် စိတ်​ပိုင်း​ဖြတ်​ထား​ကြောင်း​သူ​၏​မျက်​နှာ တွင်​ပေါ်​ပါ​၏။-

33. သို့​ဖြစ်​၍​အ​ရှင်​၏​သား​တော်​အား​လုံး​သေ လေ​ပြီ​ဟူ​သော​သ​တင်း​ကို​ယုံ​ကြည်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ဦး​တည်း​သာ သေ​ပါ​၏'' ဟု​လျှောက်​၏။

34. ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။-

၂ ရာ 13