27. သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။
28. အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
29. အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
30. သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
31. မင်းကြီးသည်ဝမ်းနည်းကြေကွဲလျက်မိမိ ၏အဝတ်ကိုဆုတ်ဖြဲပြီးလျှင် ကိုယ်ကိုမြေ ပေါ်သို့လှဲချလိုက်၏။ ထိုအရပ်တွင်မင်း ကြီးနှင့်အတူရှိသောအစေခံတို့သည် လည်း မိမိတို့၏အင်္ကျီများကိုဆုတ်ဖြဲ ကြ၏။-
32. သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-