14. သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
15. ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
16. တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်ဘဲ၊-
17. သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။-
18. အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။-
19. သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
20. သူ၏အစ်ကိုအဗရှလုံက``သင့်အားအာမနုန် စော်ကားလိုက်ပြီလော။ ငါ့နှမ၊ အခြားမည်သူ့ ကိုမျှမပြောနှင့်။ သူသည်သင်နှင့်အဖေတူ အမေကွဲမောင်နှမတော်၏။ ဤအမှုကြောင့် များစွာစိတ်ဒုက္ခမဖြစ်ပါစေနှင့်'' ဟုဆို၏။
21. ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။-
22. အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။